ပေါ်က CMOS Ram ဟုခေါ်သောသီးခြားChip တစ်ခုပင်ဖြစ်ပါတယ်။၎င်း chip ကိုတည်ဆောက်တဲ့
နေရာမှာ (Complimentary Metal Oxide Semiconductor)CMOS နည်းပညာကိုအသုံးပြုထားသည့်
အတွတ် CMOS ဟုခေါ်ဆိုပါသည်။ BIOS သည် ကွန်ပျူတာစတင်အသက်ဝင်ဖို့ ရန်လိုအပ်သော
Program အစုအဝေး၊ CMOS ကတော့ ထို Program အစုအဝေးထဲမှ တစ်ခုဖြစသော setup
program တွင်အသုံးပြုသူတို့ ပြင်ဆင်ဖြည့်စွက်သမျှ setting တို့ ကိုမှတ်သားသိမ်းဆည်းထားရာ
memory တစ်မျိုးပင်ဖြစ်သည်။အဲဒီ CMOS setting တွေထဲမှာဆိုရင် ရက်၊လ၊ခုနှစ် နှင့်အချိန်(Date & Time)
CD ကနေ boot တက်မှာလားအစရှိသည်တို့ ကိုထည့်သွင်းမှတ်သားထားပါတယ်။ဥ ပမာဆိုရရင် BIOS setup
ထဲဝင်ပြီး Harddisk နှင့်ပက်သက်သောအချက်အလက်တွေ memory ပက်သက်သောအချက်အလက်
တွေပြင်တယ်ဆိုပါတော့ ပြင်ပြီးလို့  save လုပ်လိုက်တဲ့ setting တွေကို CMOS RAM Chip ထဲမှာသိမ်းဆည်း
ထားပေးပါတယ်။ CMOS RAM ဟုဆိုသည့်အတိုင်း CMOS(Complimentary Metal Oxide Semiconductor)
နည်းပညာသုံးတည်ဆောက်ထားသည့် RAM ဖြစ်သည့်အတွတ် ပါဝါပေးထားမှသာလျှင် သူ့ ထဲမှာရှိသော
setting များကိုသိုလှောင်ထိန်းသိမ်းထားနိုင်ပါတယ်။ဒါကြောင့်ကွန်ပျူတာပါ ၀ါပိတ်ထားသောလည်း Boot
တတ်ဖို့ ရန်လိုအပ်သောအချက်လက်များကို မပျောက်ပျက်စေပဲ ဆက်လက်ထိန်းသိမ်းထားနိုင်အောင်
battery
တစ်လုံးဖြင့်ပါဝါပေးထားရပါတယ်။ CMOS RAM ၏ သိုလှောင်မှုပမာဏမှာ 64 byte သာရှိပြီး CMOS
technology
ကိုအသုံးပြုတည်ဆောက်ထားတဲ့အတွတ် အခြား memory chip တို့ နှင့်ယှဉ်လျှင်ပါဝါစားသုံးမှု
အလ န်နည်းပါတယ်။
ဒါကြောင့် battery တတ်ထားရင်သုံးလေးနှစ်လောက်ထိတာရှည်ခံပါတယ်။ထို battery
အားကုန်သွားတဲ့အခါမှာ
သော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့်ပျက်စီးသွားတဲ့အခါသော်မှာလည်းကောင်း၊ CMOS RAM
ထဲတွင်
သိမ်းဆည်းထားသော် CMOS setting များအားလုံး ပျောက်ပျက်သွားမှာဖြစ်ပြီး ကွန်ပျူတာသည်နဂိုမူလ
BIOS
ထဲက setup program ၏ defauit setting များအတိုင်းလုပ်ဆောင်မှာဖြစ်ပါတ ယ်။သိသာထင်ရှားတာတစ်ခုကို
ဥပမာပြရလျှင် date/time setting ဆိုပါတော့ဗျာ၊ ကိုယ်လက်ရှိရောက်နေတာက 2012 ခုနှစ်၊ setup ထဲဝင်ပြီး
ကြည့်လိုက်ရင် BIOS ထုတ်လုပ်တဲ့ကာလ 2008၊2009 ခုနှစ်ဖြစ်နေတာကိုတွေ့ ရပါလိမ့်မယ်။ battery ကြောင့်
ဖြစ်ရတဲ့ဿနာအတွတ်စိတ်ပူဖို့ မလိုပါဘူး။အဲဒီလိုအခါမျိုးမှာ battery အသစ်တစ်လုံးဖြင့်အစားထိုးလဲလှယ် ပြီး
date / time ?boot order အစရှိသည်ဖြင့် setting တွေကိုပြန်လည်ဝင်ရောက်ပြင်ဆင်ပြီး ဖြေရှင်းနိုင်ပါတယ်
post by ( Ko Mg Thu)
0 comments:
Post a Comment