ထိုင်းရောက်မြန်မာသူငယ်ချင်းများ ဘလော့မှာ ရေးသားနိုင်သူများကိုအခါအားလျှော်စွာ ၀ါသနာရှင်များကို
ဖိတ်ခေါ်သွားပါမည် ထိုသို့ဖိတ်ခေါ်ရာမှာအချို့မှာ ၀ါသနာရှင်အဆင့်ဖြစ်သည်အလျှောက် ပို့စ်တင်ပုံတင်
နည်းကို ပြန်လည်ရှင်းပြနေရပါသည်.. ထို့ပြဿနာများကိုဖြေရှင်းရန် ..ယခုပို့စ်ကိုတင်ပေးလိုက်ရခြင်းဖြစ်
ပါသည်.. (သိပြီးသူများအနေဖြင့်မလိုအပ်ပါ)...အသေးစိတ်တော့မဟုတ်ပါ..လောလောဆယ်ပြဿနာကို
ဖြေရှင်းနိုင်ယုံသာရည်ရွယ်ပါသည်.. အသေးစိတ်ကိုတော့.. နောင်များမှပြန်လည်တင်ပါဦးမယ်..။
ကဲ..စလိုက်ကြရအောင်....အရင်ဆုံး...
၁။ ပထမအဆင့်လုပ်ရမှာက...
www.blogger.com လို့ browser address ဘောက်စ်မှာ ရိုက်ထည့်ပြီး
Enter ခေါက်ပါ...အောက်ပါပုံအတိုင်းပေါ်လာပါမည်...။
၂။ ဒုတိယအဆင့်နေနဲ့က အောက်ပါပုံအတိုင်းပေါ်လာပါမည်။
၃။ တတိယအဆင့်အနေနဲ့ ..အောက်ပါပုံကိုကြည့်ပါ...
၁။ မိမိတို့ စာသားရဲ့ ခေါင်းစဉ်ကို အထက်က Publish ရှေ့က post title ဆိုတဲ့ အကွက်လေးထဲမှာဘဲ ရေးသားရပါမည်... ခေါင်းစဉ်ကို အကွက်ကြီးထဲ တွင် မရေးပါနဲ့။
၂။ ၃။ ၄။ လင့်ချိတ်မယ်။ ဓါတ်ပုံတင်မယ်။ စာကြောင်းတွေကိုဘယ်ညာညှိမယ်။ အစရှိသဖြင့် စာသားတွေကို လိုအပ်သလို အပေါ်ပုံပြထားသည့်အတိုင်း အစုံပါဘဲ ဒါပေမယ့် အရေးပါတာလေးလောက်ဘဲ သုံးပါ ကာလာကို အရေးပါတဲ့ စာလုံးလောက်ဘဲ အရောင်ဆိုးပေးပါ။...
၅။ ပြီးတာနဲ့ ညာဘက် က Labels ဆိုတာကလစ်ပါ.. သူကတော့ ကိုယ်တင်တဲ့ စာပေရဲ့ အမျိုးအစား ကိုရေးပေးရပါမယ်.. . ရေးပြီးသားတွေ ရှိပါက အောက်က ရှာလိုက်ပါ ရှိပြီးသားကို ကလစ်ပေးယုံပါဘဲ အောက်က Done ပေးလိုက်ပါ။
၆။ preview ဆိုတာလေးကိုတချက်နှိပ်ပြီး အစမ်းကြည့်လို့ရပါတယ်..။
၇။ စိတ်ကြိုက်ဖြစ်ပြီ တင်မယ်ဆိုရင် အပေါ်ဆုံးက title နောက်က Publish ဆိုတာကို နှိပ်ပါမယ်..။
ကဲ...ဒါဆို မိမိတင်လိုက်တဲ့ ပို့စ်ကိုပြန်ကြည့်လိုက်ပါ...။
နောက်မှပဲအသေးစိတ်ရေးတော့မယ်..အခုတော့မအားလပ်တဲ့ကြားရ..သုတ်ခြေတင်လိုက်ရလို့..ဒီလောက်
နဲ့ပဲ..ကျေနပ်ဦးစို့...။
ဖိတ်ခေါ်ပါသည်.....။
ထိုင်းနိုင်ငံရောက်မြန်မာသူငယ်ချင်းများ ဘလော့တွင် သင်သိထားသောဗဟုသုတများနှင့်သူငယ်ချင်းများ
အားပြန်လည်မျှဝေပေးနိုင်ရန် ဖိတ်ခေါ်ပါသည်...မြန်မာသူငယ်ချင်းများ ကူညီလိုသည့်အနေဖြင့် သင့်၏
ဗဟုသုတကိုတဆင့်ပြန်လည်မျှဝေလိုပါက အောက်ပါ အီးမေးလ်သို့ ဆက်သွယ်ပါ...
mmfriendinthailand@gmail.com
1 comments:
မေးမြန်းလိုသည်များကို ကွန်မင့်ပေးရေးသားပြီးမေးနိုင်ပါသည်..။ ကျေးဇူးတင်ပါသည်..။
Post a Comment