ထိုင်းနိုင်ငံရောက်မြန်မာသူငယ်ချင်းများ Website ကို Linkin Park အဖွဲ့  လာလည်သွားပါတယ်ဗျာ.
Website Admin အပေါင်း နှင့် ဖျာပုံသားလေး အပါဝင် စာရေးသူအပေါင်း အားလုံး ကြိုဆို ကြပြီး။
အိမ်ရှင်ဝတ္တရားနှင့်အညီ လှိုက်လှိုက်လှဲလှဲ ဧည့်ခံ ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာသူငယ်ချင်းများ (MFIT) Website ကိုယ်စားပြု ဟောပြောပွဲ ကို Chester Bennington (Singer) မှ တက်ရောက်
ဆွေးနွေးခဲ့ပါတယ်။ အစည်းဝေးပွဲ တွင် Chester က Website ရဲ့ Admin နဲ့ စာရေးသူများအပေါင်းကို
ချီးမွမ်း ခန်းဖွင့်ခဲ့ပါတယ်။ ညစာစားပွဲ ကိုတော့ Bangkhonhtian-14 မှ နံပါတ် ၁ Myanmar Restaurant မှာ ညနေ 5:00 PM မှ 9:00 PM အထိ ဧည့်ခံ ခဲ့ပြီး ည 9:30 အချိန် တွင် ရှိုးပွဲ ကို မိုးလင်းပေါက်
နာမည်ကြီး သီချင်း အကောင်းဆုံး ၃၇ ပုဒ် ဖြင့် Linkin Park အဖွဲ့ သားများ အောင်မြင်စွာဖြင့် သီဆို နိုင်ခဲ့ပါတယ်။ ပရိတ်သက် များ အရမ်းကို များသဖြင့် MFIT အဖွဲ့ သားများနဲ့  ဖျာပုံသားလေးတို့ 
Video Recording မလုပ်နိုင်ခဲ့ပါဘူး။ အသံဖိုင်လေးတောင် မနည်းမရမက Record လုပ်ထားရတာ။
ထိုင်းနိုင်ငံရောက်မြန်မာသူငယ်ချင်းများ Website အားလာရောက်လည်ပတ်ကြသော ဘော်ဘော်အပေါင်း
များနားသောတဆင်နိုင်ရန်အောက်ပါလင့်တွင် ဒေါင်းလုပ် လုပ်ပြီးယူသွားနိုင်ပါသည်။ ( အဟိ )
Linkin Park 37 Songs အားရယူရန်
အထက်တွင်ရေးသားထားသော စာများအား ရယ်မောစေလိုသော ဆန္ဒ တစ်ခုဖြင့်ရေးသားထားခြင်းဖြစ်ပါ
တယ်။ စာဖတ်သူ အပေါင်းတို့ ကလည်း ရယ်စရာ စာသားလေးအနေဖြင့် ပြုံးပျော်ကြည်နူး ပျော်ရွင် ချမ်း
မြေ့ စွာဖြင့် ဖတ်ပေးစေချင်ပါသည်။
ရယ်သောသူသည် အသက်ရှည်၏ ။ ဒေါသကြီးသူတို့ သည် အသက်တို ၏။
Post By ဖျာပုံသားလေး
2 comments:
အာာာ.. အဲပွဲမှာလူများသလားမမေးနဲ့ တိုးရင်းဝှေ့ရင်းနဲ့နာ့ဖိနပ်ပျောက်သွားတယ်ကွာ.. အိမ်အပြန်.. ဖိနပ်မပါလို့.. ကားမစီးပဲ..လမ်းလျှောက်ပြန်ခဲ့ရတယ်
(ကားစီးရင်ဖိနပ်မပါမှန်းလူတွေသိမှာစိုးလို့..ဟိဟိ)
နာလဲလာတယ်လေ တွေ့ဖူးလား
Post a Comment