ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ရောက်စဉ် တုန်းက ထိုင်းImmigration မှ ရွှေ့ ပြောင်း မြန်မာအလုပ်
သမားတွေအတွက် ဗီဇာ နှုန်းထားကို လျော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုင်းဗီဇာကို ဘတ် ၅၀၀ ဖြင့်
သက်တမ်းတိုးပေးဖို့ နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။ ဗီဇာ နှုန်းထားတွေ ဈေးကျသွားပြီဆိုတာသိရလို့ ရွှေ့ ပြောင်းမြန်မာအလုပ်သမားများ ပျော်ရွှင် ခဲ့ပါတယ်။
ထိုင်း ဗီဇာ တွေဈေးကျသွားပြီဆိုလို့ ပျော်လို့ တောင် မ၀သေးဘူး ထိုင်းImmigration ရုံးမှရဲတွေမကျေနပ်
လို့ ထိုင်း ဗီဇာရုံး တွေပိတ် ထားတယ်တဲ့ဗျာ.. အောက်လမ်း(ခိုးကြောင်ခိုးဝှက်) ကနေ၀င် ရင်တော့ ဗီဇာ တံဆိပ်တုံး ထုပေးတာပေါ့ ဈေးကတော့ ၂၇၀၀ ဘတ် တဲ့ တရားဝင် သက်မှတ်ထားတဲ့ဈေးက ၅၀၀ ဘတ်။ ဗီဇာသက်တမ်းတိုးဖို့ ၁ရက်၂ရက် လောက်လိုတဲ့သူအဖို့ တော့သူတို့ တောင်းတဲ့ဈေးအတိုင်းပဲပေးရတာပေါ့။
မတရား ကွာဟနေတဲ့ ဗီဇာ နှုန်းထားတွေ ကို ထိုင်း ဘက် က ကြည်ကြည်ဖြူဖြူ နဲ့ ဘယ်တိုးပေးချင်ပါ့မလဲ နဂို ကတည်းကိုကထိုင်း တွေက မြန်မာအလုပ်သမားတွေကို နှိမ်ထားတာ တော်ပြီမကျေနပ်တာတွေပြော
ရင်အများကြီးပဲ မပြောတော့ဘူး။
စဉ်းစားတာကြည့်တော့ဗျာ...
Post By ဖျာပုံသားလေး
0 comments:
Post a Comment