ဘော်ဘော်တို့ ရဲ့ Desktop မှာ Wallpaper လှလှလေးတွေ တစ်နေ့ တစ်မျိုး မရိုးအောင် ထားတက်ကြလိမ့်
မယ်လို့ ထင်ပါတယ်။ Wallpaper တွေ တစ်နေ့ တစ်မျိုးပြောင်းတင် လွန်းလို့ လည်းရိုးအီ နေလောက်ပြီ
ဖြစ်လို့ အကြိုက်ဆုံး Wallpaper တစ်မျိုးထည်းကို ပဲ တင်ထားကြတယ်မဟုတ်လား။ ဖျာပုံသားလေးလည်း
ဒီလိုပါပဲ Theame တွေ Wallpaper တွေ ကြိုက်တာတွေ့ ရင်ပြောင်းလိုက်၊ ရွှေ့ လိုက်နဲ့  ရိုးအိနေပါပြီဗျာ...
Theme တွေ Wallpaper ပြောင်းရရွှေ့ ရတာ ရိုးအီနေပြီဖြစ်တဲ့ ဘော်ဘော်တွေအတွက် Video Wallpaper
လေးနဲ့ လန်းစေချင်ပါတယ်ဗျာ။ မသိသေးတဲ့ဘော်ဘော်တွေအတွက်ရည်ရွယ်ပါတယ်။
သိထားတဲ့ဘော်ဘော်တွေကတော့ ရူးတိုးတိုး ပေါ့နော်။
အသုံးပြုပုံလေးကတော့ ဒေါင်းလုပ်လုပ်လို့ ရရှိလာတဲ့ Windows 7 DreamScene Activator 1.1 လေးကို ဖွင့်ပါ။ Windows 7 DreamScene Activator 1.1 ဘောက် ကလေးပေါ်လာရင် enable DreamScene
ကို နှိပ်ပါ။ ဘော်ဘော်တို့ ရဲ့  Desktop မှာ Video Wallpaper လေးအဖြစ်နဲ့ တင်ချင်ရင် Video ဖိုင်က WMV Format နဲ့  MPG Format ပဲဖြစ်ရမှာနော်။ ဘော်ဘော်တို့ မှာရှိထားပြီးဖြစ်တဲ့ Video File ကို Right
Click နှိပ်ပြီး Set as desktop background ဆိုပြီးနှိပ်လိုက်ရင် ဘော်ဘော်တို့ ရဲ့ Desktop မှာ Video Wallpaper လေးနဲ့ လန်းနိုင်ပြီးပေါ့။ မျက်စိ ရှုပ်လာလို့ ပိတ်ချင်တယ်ဆိုရင်တော့ Desable DreamScene
နှိပ်ပေးလိုက်ပေါ့။
Window 7 DreamScene Activator 1.1 အားရယူရန်
Post By ဖျာပုံသားလေး
0 comments:
Post a Comment