ကိုယ့်မှာရှိတဲ့ဆော့ဝဲလ်တွေကိုသူငယ်ချင်းတွေကိုပေးချင်တဲ့အခါပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ဝဘ်ဆိုဒ်ပေါ်
တင်ချင်တဲ့အခါဖြစ်ဖြစ် ဖိုင်လ်ဆိုဒ်ကြီးနေမယ်ဆိုရင် .. ပရီမီယာ..အကောင့်ရှိတဲ့လူအတွက်ကပြဿနာ
မဟုတ်ပေမဲ့..ကျွန်တော်တို့လိုဖရီးယူဆာသမားတွေကအတော်ခေါင်းစားရပါတယ်..နောက်တစ်ချက်က
ဒေါင်းလုဂ်...ယူမည့်သူကလဲ..ဖိုလ်ဆိုဒ်ကြီးရင်..လက်တွန့်တတ်ပါတယ်... အင်တာနက်ကွန်က်ရှင်က
လိပ်ဘိုးဘိုးနဲ့အမျိုးတော်နေတဲ့အချိန်ဆိုပိုဆိုးပါတယ်.. အဲလိုမဖြစ်ရအောင်..ဖိုလ်လေးတွေကို မီဂါဘိုက်
နဲနဲစီခွဲပြီးတင်ပေးလိုက်မယ်ဆိုရင်.. နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ထင်ပါတယ်...ကဲ..လေရှည်သွားပြီ
အောက်မှာဖိုင်လ်ခွဲပုံခွဲနည်းကို ပုံနဲ့လိုက်ကြည့်ပါ..(မသိသေးသူများအတွက်ရည်ရွယ်ပါသည်)။
******************************************************************
အဆင့် ..၁။ ကျွန်တော်စက်မှာရှိတဲ့ CSCD.iso ဖိုင်လ်ကိုနမူနာအနေနဲ့ခွဲပြပါမည် ..ကဲ..ဖိုဒါကိုဖွင့်ပါမယ်။
******************************************************************
အဆင်..၂။ ဖိုဒါထဲမှာ cscd3 ဆိုတဲ့ဖိုင်လ်ကိုခွဲပါမယ်.. အဲဒီထဲမှာပဲ..ဖိုဒါအသစ်တစ်ခုခေါ်လိုက်ပါ့မယ်(ဖိုင်လ်ခွဲတဲ့အခါရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့ပါ.. ဖိုလ်ဒါနာမည်ကိုကြိုက်သလိုပေးပေါ့)
******************************************************************
အဆင့်..၃။ ပြီးရင်.. ခွဲမည့် cscd3 ဖိုင်လ်ကို ဖိုဒါအသစ်ထဲမောက်နဲ့ဆွဲထည့်လိုက်ပါ..။
******************************************************************
ဆိုတဲ့စာတမ်းကိုနှိပ်ပေးလိုက်ပါ..။
******************************************************************
အဆင့်..၅။ အောက်ပါပုံအတိုင်းပေါ်လာပါမည်.. အဲဒီမှာသတိထားရမှာက..ကိုယ်ခွဲမည့်ဖိုလ်သည်မီဂါဘိုက်ဘယ်လောက်ရှိသလဲဆိုတာကိုအရင်ကြည့်ထားဖို့လိုပါသည်.. ဒါမှသာလျင်..ဘယ်လောက်စီ
ခွဲမလဲဆိုတာ..ခန့်မှန်းလို့ရပါမည်..။ (အားလုံးစိတ်ကြိုက်ပြင်ဆင်ပြီးရင်တော့.. OK.. ကိုနှိပ်ပေးပါ)
******************************************************************
အဆင့်..၆။ ကဲ..အခုဆို.. ဖိုလ်လေးတွေသူဘာသာသူ အော်တိုပဲ..ခွဲပေးသွားတာကိုမြင်ရပါမယ်...။
Upload လုပ်ဖို့အနေတော်လေးတွေဖြစ်သွားပြီပေါ့..။
******************************************************************
ဗွီဒီယိုဖိုင်လ်နဲ့လုပ်ထားပေးတာရှိတယ်..ရုံးချိန်ကြီးဆိုတော့.. မတင်ပေးတော့ဘူး..နောက်မှ
လိုအပ်မယ်ထင်ရင်ပြန်တင်ပေးပါ့မယ်.. အားလုံးအဆင်ပြေပါစေဗျာ..။
2 comments:
စပယ်ရှယ် ကျေးဇူး ဆရာခေ ရေ .. 1.80GB ကို 50MB နဲ့ ဖိုင်ခွဲလိုက်တာ ၂၈ ဖိုင်ရတယ်...
ဘယ်နှစ်ရက်လောက်မှ upload လုပ်လို့ ပြီးမလဲသိဘူး..သူပြထားတာတော့ 2day left တဲ့
:(
အားတင်းထားစမ်းဘာာာာ....ဟိဟိ..
Post a Comment