ယာယီနိုင်ငံကူးလက်မှတ်ဖြင့် မြန်မာပြည် ကိုလေယဉ်ပျံကြီးစီးပြီး ပြန်ချင်တယ်ဗျာ..ထိုင်းဘက်မှာတော့ဘာ
ပြဿနာမှ မရှိလောက်ဘူးလို့ ပြောတယ်။ မြန်မာဘက်ရောက်ရင် ရစ်တယ် မရစ်ဘူးဆိုတာ လေးသိချင်လို့ 
ပြီးတော့ ဘာတွေရှိရမလဲ ဘာတွေဆောင်ရမလဲ ဘာတွေရှောင်ရမလဲ ဆိုတာလေးပေါ့ဗျာ။ လေယဉ်ပျံကြီး
တစ်ခါမှမစီးဘူးတော့ တစ်ခါလောက်လေးများစီးဖူးချင်လို့ လေ။ အတွေ့ အကြုံရှိတဲ့ အက်မင်းကြီးများနဲ့ ၊
ဘော်ဘော်များ အပန်းမကြီးလောက်ဆိုရင်ပေါ့လေ ကူညီပြီးစုံစမ်းပေးပါနော်။ ရှောင်ရမယ်ဆိုရင်လည်း
ကြိုတင်ပြီးရှောင်ရအောင် ၊ ဆောင်သွားစရာများ ရှိရင်လည်း ဆောင်သွားရအောင်ပေါ့။ ဒါပေမယ့် လေယဉ်
လက်မှတ်တော့ ဈေးလေးသက်သာလို့ ဝယ်ထားလိုက်ပြီဗျာ။ ဘန်ကောက်၊ ရန်ကုန်ကို ဘတ်၁၄၉၀ ပါ။
ဒီဇင်ဘာ ၁၈ ရက်နေ့ မွေးနေ့ နဲ့ လည်းတိုက်တယ် ဈေးလည်းသက်သာတယ်ဆိုပြီးဝယ်ထားလိုက်တာ။
ပြဿနာရှိတယ်ဆိုရင်တော့ လက်မှတ်ဖိုးတော့ဆုံးပြီပေါ့ဗျာ။
အက်မင်ကြီးများနဲ့ ဘော်ဘော်များတို့ ရဲ့ Comment လေးကိုစောင့်မျှော်နေမယ်နော်....
4 comments:
ရပါတယ်ဘာမှ မရစ်ပါဘူ ရန်ကုန်လေဆိပ်မှာ ခပ်တည်တည်နဲ့ စောက်ခွက်မာမာနဲ ထွက်သွားလိုက် ဘာမှမဖြစ်ဘူ
အရေကြီတာ လေယဉ်က ဆင်ပြီလေဆိပ် အ၀င်မှာ ကြောင်တောင်တောင် မဖြစ်နေနဲ စောက်ခွက်မာမာတာနေ ဘယ်ကောင်မှ သောက်ဂရုမစိုက်နဲ ဒါဆိုဘယ်သူတောင်စာမှ လာမရစ်ရဲဘူ
M F I T ရေကျေးဇူးကမ္ဘာဗျာ...အခုလိုကူညီဖြေကြားပေးတဲ့အတွက် ကျေးဇူး Special တင်ပါတယ်...
မေးတဲ့လူ ရော ဖြေတဲ့လူရော ကျေးဇူးတင်ပါတယ်.. ကျနော်လည်းအဲ့တာ သိချင်နေတာ
အဟိ..နာက အင်တာနေရှင်နယ်ပါစ်ပို့နဲ့ပဲပြန်ဖူးတာ..
ပြန်လာဖို့အစီအစဉ်ရှိတယ်ဆိုရင် Re-entry လုပ်သွားဖို့တော့လိုမယ်..အဲဒါအရေးကြီးတယ်..
မြန်မာပြည်အ၀င်ကို ငွေများများမယူသွားနဲ့ ငွေကိုဒီကနေဘဏ်တစ်ခုခုကိုအရင်လွဲထားလိုက်
ကိုရင် စမတ်ပြောသလိုပဲ.. ကြောင်တောင်တောင်မဖြစ်အောင်နေပြီး.. ခပ်တည်တည်နဲ့နေ..
အဆင်ပြေမှာပါ..။
Post a Comment