အမေရယ်
ဝေဒနာတွေပြယ်ချင်လှပြီ
ကံဖယ်လို့အမှန်ဘယ်မမြင်
တပြည်ရွာကိုတကယ်ခင်လို့
ရွှေရင်ကိုကော့မော့မော့လေးနဲ
အမေ့အရိပ်ကထွက်ခဲ့တာမဟုတ်ပါ
ပင့်သက်လှိုက်မော ဆင်းရဲတောမှာ
စီးမျောနေရ ပဲပြုတ်ရောင်းကြ
ဘ၀မလှတော့ တကျော့ပြန်စဖို့
အမေနဲ့သမီးတို့ထမင်းတစ်လုပ်
တင်းတင်းဆုပ်ပြီးစားလို့ရအေ
အစိမ်းရောင်ကလွှမ်း မေတ္တာမသန်းတဲ့
ခရီးကြမ်းကို ရဲရဲလှမ်းကာ
အမေနဲ့ရွာကို စွန့်ခဲ့တာပါ
အမေရယ်။
နေ့ရယ် ညရယ် အတွေးကြွယ်လျှက်
အမေနဲ့ရွာလေး ဘယ်လိုနေသေး
ခပ်ရေးရေးလေး မြင်ချင်နေမိ
ရင်ဝယ်အသိရှိနေပါလည်း
မဟန်သာ ပြန်လာရခက်
ဘ၀တွက်မို့ ကြိတ်ခဲလို့သာ
စိတ်ထဲနာလျှက် ဖြေရခက်ခဲ
လွမ်းစိတ်သည်းကာ ငိုနေမိတယ်
အမေရယ်။
ရေပြာကမ်းလှ လွမ်းစရာ့မြေ
တောတန်းဝေလို့ ကျေးငှက်ပျော်မြူး
အလှထူးကာ ဘုရားကစုံ
လှအားပိုသည့် အမေရှိတဲ့ရွာလေးဆီ
သမီးအချိန်မှီ ပြန်ခဲ့ချင်ပြီ
အမေရယ်။..............(လရိပ





0 comments:
Post a Comment